အင်တာနက်ဆင်ဆာကျော်လွှား
နည်းအသွယ်သွယ်များ
အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်းသည် အင်တာနက်၏အခြေခံရည်ရွယ်ချက်ဖြစ်သော မည်သူ့ကိုမဆို မည့်သည့်အကြောင်းကြောင်းဖြင့်ဖြစ်စေ ဆက်သွယ်ခြင်းအား ဆန့်ကျင်နေသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အခန်း ၁၉ (လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်) တွင်ပါသည့် အချက် “သတင်းအချက်အလက်များအား မည်သည့်မီဒီယာတွင်မဆို လွတ်လပ်စွာ ရှာဖွေ၊ လက်ခံ၊ ဖြန့်ဖြူး စေခြင်း” အချက်ကိုလည်းဆန့်ကျင်ရာကြပါသည်။ ထို့ကြောင့် “အင်တာနက်ဆင်ဆာ ကျော်လွှားနည်းအသွယ်သွယ်” ကိုတင်ဆက်လိုက်ရပါသည်။
ဤစာအုပ်သည် အင်တာနက်ဆင်ဆာ ကျော်လွှားပုံနည်းလမ်း၊ အသုံးပြုရန်နည်းစနစ်မျိုးစုံ အပါအဝင် အင်တာနက်ဆင်ဆာဖြတ်ခြင်း၏ ကန့်လန့်ကာနောက်ကွယ်တွင် မည်သို့အလုပ်လုပ်ပုံကိုလည်း ဖော်ပြပေးထားပါသည်။ ထို့အပြင့်ဤနည်းစနစ်များ အသုံးပြုရာ၌ ကြုံတွေ့နိုင်သည့် နောက်ဆက်တွဲ အခက်အခဲများနှင့် ၄င်းတို့အားမည်သို့မည်ပုံ ဖြေရှင်းသင့်သည်တို့ကိုလည်း ဖော်ပြထားပါသည်။


